Wednesday, April 8, 2009

ဒေါင်လို...သမားများအတွက်



Cbox တွင် လာရောက်တောင်းဆိုသော သူငယ်ချင်းတွေ . . .။ လိုချင်တဲ့ WinZip အစား WinRaR လေး ဖော်ပြပေးလိုက်ပါတယ်။ WinZip နဲ့ WinRaR က သုံးရတာချင်း အတူတူဖြစ်သလို ကွာခြားမှု မရှိပါဘူး။ ဒါကြောင့် WinRaR ကို အမြဲတမ်းသုံးနိုင်ရန် Crack ဖိုင်လေး ထည့်သွင်းပေးပြီး ဖော်ပြပေးလိုက်ပါတယ်။ ဒီတွင် Dowload လုပ်ယူပါ။

လျှော်မယ်...ဖွတ်မယ်...



လျှော်မယ် ဖွတ်မယ်ဗျို့။ မိမိတို့ ၀တ်ဆင်နေတဲ့ အ၀တ်အစားများ သန့်စင်အောင် လျှော်ကြ ဖွတ်ကြသလို မိမိတို့ရဲ့ ကွန်ပျူတာတွေကိုလဲ ရေလောင်းပြီး ပိုးသတ်ကြရအောင်။ ဟီး ... သေချာတယ် ပျက်မှာ။ ယခု ဖော်ပြမယ့် ဆော့ဝဲလ် အမည်လေးကတော့ Window Washer ပါ။ စက်တစ်ခုလုံး မြန်ဆန် သန့်စင်စေဖို့ သုံးစွဲသင့်ပါတယ်။ အီလန် ဆပ်ပြာမှုန့်ကို သုံးသလိုပေါ့။ Window ကို လျှော်ချင် ဖွတ်ချင်ရင် ဒီတွင် Download လုပ်ယူပါ။

Saturday, March 28, 2009

ပုဇွန်ချဉ်တည်နည်း

ပုစွန်ချဉ် တည်နည်း
ဒီနေ့ မယုယုစံအပါအ၀င် မောင်နှမများအားလုံးအတွက် ပုစွန်ချဉ်တည်နည်းလေးကို ပြောပြပါရစေနော်။ ပုစွန်ချဉ်တည်ဖို့ လိုအပ်တာတွေကတော့ ပုစွန်ဘော့ချိတ် ဒါမှမဟုတ် အရွတ်ခပ်လတ်လတ် (၂၅) ကျပ်သား၊ ထမင်း(ကလေးလက်သီးဆုပ်တစ်ဆုပ်)၊ ဆား (စားပွဲတင်ဇွန်း၎ ဇွန်း)၊ ငှက်ပျောဖက် စတာတို့ပါနော်။စစချင်းမှာ ပုဇွန်တွေကို ခေါင်းက အခွံမာတွေခွာပစ်ပါ။ ခြေချောင်းတွေကို ဖယ်ပစ်ပြီး ရေစင်အောင် ဆေးပေးပါနော်။ ပုဇွန်အကောင်သိပ်ကြီးရင်တော့ ဘေးအခွံတွေပါ အကုန်ခွာပစ်ပါနော်။ ပြီးတော့ ဇကာခုံးလေးထဲ ပုစွန်တွေကိုထည့်ပြီး ရေစစ်ပေးထားပါ။ ငှက်ပျောဖက်တွေကို သန့်စင်အောင် ရေဆေးပြီး ခြောက်သွေ့အောင် ပြုလုပ်ထားပေးပါ။ ဖက်မသုံးရင် ပုလင်း/ အင်တုံ/ စဥ့်အိုး စသဖြင့် အသုံးပြုနိုင်ပါတယ်နော်။
more...
ထမင်းကို ခပ်မာမာချက်ထားပြီး အအေးခံထားပါနော်။ ထမင်းအေးသွားပြီဆိုရင် လက်ကို သန့်အောင် ဆေးပြီးတော့ ထမင်းမာမာနဲ့ ဆာနဲ့ နှံ့အောင် ထမင်းကျေအောင် နယ်ပေးပါ။ ပြီးတော့မှ ထမင်းနဲ့ ပုဇွန်အသားတွေကို နှံ့အောင်နယ်ပေးပါ။ ပြီးရင် ငှက်ပျောဖက်နဲ့ ထုပ်မယ်ဆိုရင်တော့ ငှက်ပျောဖက်ကို နှစ်ထပ်သုံးထပ်လောက် အောက်ခံထားပြီး အပေါ်ကနေ ပုဇွန်နဲ့ထမင်းနယ်ထားတာတွေကို ထည့်ပြီး ကျစ်လျစ်နေအောင် ထုပ်ပေးပါ။ ဖက်မရှိခဲ့ရင်လည်း ခုနက နယ်ထားတဲ့ ပုဇွန်နဲ့ ထမင်းတွေကို ပုလင်း ဒါမှမဟုတ် အင်တုံထဲထည့်ပြီး အပေါ်ကနေ ဆားလေးနည်းနည်းထပ်ဖြူးပြီး ပိတ်စိမ်းပါးလေးအုပ်ပြီးတော့ ပိတ်စကိုကြိုးနဲ့ခိုင်အောင်ချည်နှောင်ပြီး ပုလင်းနဲ့သိပ်ထားတာဆိုရင် အထဲကနေ အချဉ်တွေလည်း စီးကျလာမှာမို့ ပုလင်းအောက်မှာ ကြွေဇလုံတစ်ခုခံထားပြီး ပုလင်းကို ဇောက်ထိုးထားပေးပါ။ အင်တုံနဲ့ တည်ထားတယ်ဆိုရင် အပေါ်က ပိတ်စနဲ့ အုပ်ပြီးရင် အပေါ်ကနေ ငရုတ်ဆုံ ဒါမှမဟုတ် ကျောက်ပြင်ကဲ့သို့ လေးလံမယ့်အတုံးကြီးနဲ့ ဖိထားပေးပါ။ ရာသီဥတုအေးရင်တော့ ပုဇွန်ချဉ်ဖို့ အချိန်ကြာမှာဖြစ်ပါတယ်နော်။ မြန်မာပြည်ရာသီဥတုနဲ့ဆိုရင် ငါးရက်လောက်ဆိုရင်တော့ ချဉ်ပါပြီ။ အရမ်းချဉ်သွားမှာစိုးရင်တော့ ရေခဲသေတ်တာထဲ ထည့်ထားပြီး အချဉ်ဓာတ်ထိန်းထားနိုင်ပါတယ်နော်။ရလာတဲ့ ပုဇွန်ချဉ်ကိုမှ သုပ်စားတဲ့အခါမှာ ပုဇွန်ချဉ်သုပ်ထဲကိုထည့်ဖို့ ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ကို အခွံနွှာ ပါးပါးလှီး ရေစင်အောင်ဆေးထားပါနော်။ ပြီးရင် ဂျူးမြစ်ကိုလည်း ရေစင်အောင်ဆေးပြီး လှီးပေးထားပါ။ ပင်စိမ်း ဒါမှမဟုတ် နံနံပင်နဲ့ ငရုတ်သီးစိမ်းတို့ကိုလည်း ရေဆေးပြီး ပါးပါးလှီးပေးထားပါနော်။ ပြီးရင်တော့ ဇလုံတစ်လုံးထဲကို ပုဇွန်ချဉ်ရယ်၊ လှီးထားတဲ့ ကြက်သွန်ဖြူ၊နီ၊ ပင်စိမ်း၊ ဂျူးမြစ်၊ ငရုတ်သီးစိမ်းစတာတွေကိုထည့်၊ ပြီးတော့ အချိုမှုန့်လေးနည်းနည်းနဲ့ ဆီတို့ကို ထည့်ပြီး ရောနယ်ပါ။ အဲ့ဒါဆိုရင်တော့ ပုဇွန်ချဉ်သုပ်လေး ရပါပြီနော်။

Saturday, March 21, 2009

ကွန်ပြူတာမှ Windows တက်တက်ချင်း ထွက်ပေါ်လာတဲ့ တီးလုံးသံပြောင်းကြရအောင်

အဲလို ပြောင်းဖို့ အတွက် သင်ပြောင်းချင်တဲ့ တီးလုံးဟာ WAV ဖိုင်ဖြစ်ဖို့ အရေးကြီးပါတယ် Wav ဖိုင်ရှိမှသာ ပြောင်းလို့ရဖြင်းဖြစ်ပါတယ် ခင်ဗျာ . .. ။ ကဲ အစမ်းအနေနဲ့ ကျွန်တော် စက်မှာရှိတဲ့ Wav တီးလုံး ဖိုင်လေးကို ဒေါင်းလုပ် လုပ်လို့ရပါတယ်။
Wav သီချင်းကိုဒီမှာ ဒေါင်းလုပ်လုပ် လေးဖြူ
WAV သီးချင်းတွေ ရှိပြီးသားဆိုရင်လည်း မလုပ်ပါနဲ့ ရပါတယ်ခင်ဗျာ။ စပြီနော် အရင်ဆုံး Start ထဲက Control Panel နောက် Sounds and Audio Devices ကိုဝင်လိုက်ပါ။

Box လေးတစ်ခု ကျလာရင် အဲဒီ Box ရဲ့ Menu မှာ Sounds ကိုရွေးချယ်လိုက်ပါဦး အဲဒီမှာ အလည်နား လောက်မှာ Program events မှာ Start windows ကိုဘားလေးနဲ့ ဆင်းပြီးရှာ တွေ့ရင်Select မှတ်ပြီး အောက်ဒေါင့်နားက Browse ကိုရွေးချယ် ၍ WAV သီချင်း ဖိုင်ကို ယူလိုက်ပါ။ ပြီးရင် OK နော် Save မှတ်ထားချင်ရင်လည်း အဲဒီ Box မှာပဲ Save ဆိုတာကို ကိုယ်ကြိုက် တဲ့အမည်ပေး၍ Save as လုပ်ထားနိုင်ပါသေးတယ်။ အဲဒီလိုပဲ ကွန်ပြူတာ ပိတ်ရင် ထွက်ပေါ်လာတဲ့ Exit Windows ကိုလဲ ပြောင်းလို့ရပါသေးတယ်..။

ကျွန်တော်ကတော့ သူများတွေလို ဖုန်းမရှိတော့ ကိုယ့်ကွန်ပြူတာကိုယ်ပဲ ဖုန်း Ringtones သံတွေ လျှောက်ပြောင်း ထားတက်တယ် တစ်ခါတလေ Virus တွေ့ပြီဆိုရင်တောင် ဖုန်းအသံအတိုင်း “ကယ်ကြပါဦး ကယ်ကြပါဦး” လို့တောင် ထည့်ထားလိုက်သေးတယ် ကဲ . . .ကောင်းရောနော် . . .။

Saturday, March 14, 2009

ဓါတ်ပုံ..ပြုပြင်နည်းစာအုပ်လေးပါ...

Adobe Photoshop CS 1,2,3 ဆိုပြီး သုံးနေတဲ့ အချိန်အခါမှာ Photoshop 7.0 စာအုပ်လာပေး နေရသလား ဆိုပြီး စိတ်မဆိုးလိုက်ပါနဲ့။ အခုမှ Photoshop ကို သုံးစွဲချင်သူများအတွက် ရည်ရွယ်ပြီး တင်ပေးလိုက်တာပါ။ ယခု စာအုပ်က မြန်မာလို ရှင်းလင်း ဖော်ပြထားတဲ့ စာအုပ် ဖြစ်ပါတယ်။ ကျွန်တော်တောင် အခုအချိန်ထိ လေ့လာနေရ တုန်းပါပဲ။ ရှင်းလင်းချက်တွေက ကောင်းမွန်လှပြီး ထိမိလှပါတယ်။ ယခုမှ လေ့လာသူများအတွက်အပြင် တတ်ပြီးသား လူများလဲ လေ့လာနိုင်ပါတယ်။ ကိုစိုးပိုင် တစ်ယောက်လဲ ကျေနပ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အမြဲတမ်း လာရောက် အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ စာအုပ်ကို ဒီမှာ Download လုပ်ယူပါ။

ဓါတ်ပုံ..စိတ်တိုင်ကျပြုပြင်နည်းလေ...ပါ



ဓါတ်ပုံဆရာများ၊ ဓါတ်ပုံဝါသနာပါသူများအတွက် အသုံးဝင် အဆင်ပြေစေမည့် ဆော့ဝဲလ်လေး ဖြစ်သောကြောင့် ဖော်ပြပေး လိုက်ပါတယ်။ လုပ်နည်း ကိုင်နည်းများကို မိမိ သေချာ မသုံးရသေးသည့်အတွက် သေချာရှင်းပြရန် ခက်လှပါတယ်။ မအားလပ် ခြင်းကြောင့် ဖြစ်ပါတယ်။ နားလည် ခွင့်လွှတ် ပေးကြပါ။ သို့ကြောင့် အသုံးပြုသူများ လက်တွေ့ အသုံးပြုရင်း ရှာဖွေကြ စေလိုပါတယ်။ ဒီတွင် Download လုပ်ယူပါ။

မြန်ဖဲ..ကစားနိုင်ပြီး...

ဖဲကို ၀ါသနာ ခုံမင်သူများအတွက်ပါ။ အားရင် ကွန်ပျူတာမှာ ပါတဲ့ ဖဲချပ်ပဲ ကစားနေတဲ့ သူများအတွက် မြန်မာလို ဖဲကစားနိုင်ပါပြီး။ ဖဲကစားနည်းကိုလဲ ထည့်သွင်းဖော်ပြပေးထားပါတယ်။ အင်စတော လုပ်စရာ မလိုပါ။ ဒီဖိုင်ထဲမှာ ပါဝင်တဲ့ မြန်မာ ဖောင့်လေးသာ Control Panel ထဲက Font ထဲ ထည့်ပေးရုံပါ။ စိတ်ဝင်စားရင် ဒီမှာ Download လုပ်ယူနိုင်ပါတယ်။