Saturday, March 21, 2009

ကွန်ပြူတာမှ Windows တက်တက်ချင်း ထွက်ပေါ်လာတဲ့ တီးလုံးသံပြောင်းကြရအောင်

အဲလို ပြောင်းဖို့ အတွက် သင်ပြောင်းချင်တဲ့ တီးလုံးဟာ WAV ဖိုင်ဖြစ်ဖို့ အရေးကြီးပါတယ် Wav ဖိုင်ရှိမှသာ ပြောင်းလို့ရဖြင်းဖြစ်ပါတယ် ခင်ဗျာ . .. ။ ကဲ အစမ်းအနေနဲ့ ကျွန်တော် စက်မှာရှိတဲ့ Wav တီးလုံး ဖိုင်လေးကို ဒေါင်းလုပ် လုပ်လို့ရပါတယ်။
Wav သီချင်းကိုဒီမှာ ဒေါင်းလုပ်လုပ် လေးဖြူ
WAV သီးချင်းတွေ ရှိပြီးသားဆိုရင်လည်း မလုပ်ပါနဲ့ ရပါတယ်ခင်ဗျာ။ စပြီနော် အရင်ဆုံး Start ထဲက Control Panel နောက် Sounds and Audio Devices ကိုဝင်လိုက်ပါ။

Box လေးတစ်ခု ကျလာရင် အဲဒီ Box ရဲ့ Menu မှာ Sounds ကိုရွေးချယ်လိုက်ပါဦး အဲဒီမှာ အလည်နား လောက်မှာ Program events မှာ Start windows ကိုဘားလေးနဲ့ ဆင်းပြီးရှာ တွေ့ရင်Select မှတ်ပြီး အောက်ဒေါင့်နားက Browse ကိုရွေးချယ် ၍ WAV သီချင်း ဖိုင်ကို ယူလိုက်ပါ။ ပြီးရင် OK နော် Save မှတ်ထားချင်ရင်လည်း အဲဒီ Box မှာပဲ Save ဆိုတာကို ကိုယ်ကြိုက် တဲ့အမည်ပေး၍ Save as လုပ်ထားနိုင်ပါသေးတယ်။ အဲဒီလိုပဲ ကွန်ပြူတာ ပိတ်ရင် ထွက်ပေါ်လာတဲ့ Exit Windows ကိုလဲ ပြောင်းလို့ရပါသေးတယ်..။

ကျွန်တော်ကတော့ သူများတွေလို ဖုန်းမရှိတော့ ကိုယ့်ကွန်ပြူတာကိုယ်ပဲ ဖုန်း Ringtones သံတွေ လျှောက်ပြောင်း ထားတက်တယ် တစ်ခါတလေ Virus တွေ့ပြီဆိုရင်တောင် ဖုန်းအသံအတိုင်း “ကယ်ကြပါဦး ကယ်ကြပါဦး” လို့တောင် ထည့်ထားလိုက်သေးတယ် ကဲ . . .ကောင်းရောနော် . . .။

No comments:

Post a Comment