Saturday, March 28, 2009

ပုဇွန်ချဉ်တည်နည်း

ပုစွန်ချဉ် တည်နည်း
ဒီနေ့ မယုယုစံအပါအ၀င် မောင်နှမများအားလုံးအတွက် ပုစွန်ချဉ်တည်နည်းလေးကို ပြောပြပါရစေနော်။ ပုစွန်ချဉ်တည်ဖို့ လိုအပ်တာတွေကတော့ ပုစွန်ဘော့ချိတ် ဒါမှမဟုတ် အရွတ်ခပ်လတ်လတ် (၂၅) ကျပ်သား၊ ထမင်း(ကလေးလက်သီးဆုပ်တစ်ဆုပ်)၊ ဆား (စားပွဲတင်ဇွန်း၎ ဇွန်း)၊ ငှက်ပျောဖက် စတာတို့ပါနော်။စစချင်းမှာ ပုဇွန်တွေကို ခေါင်းက အခွံမာတွေခွာပစ်ပါ။ ခြေချောင်းတွေကို ဖယ်ပစ်ပြီး ရေစင်အောင် ဆေးပေးပါနော်။ ပုဇွန်အကောင်သိပ်ကြီးရင်တော့ ဘေးအခွံတွေပါ အကုန်ခွာပစ်ပါနော်။ ပြီးတော့ ဇကာခုံးလေးထဲ ပုစွန်တွေကိုထည့်ပြီး ရေစစ်ပေးထားပါ။ ငှက်ပျောဖက်တွေကို သန့်စင်အောင် ရေဆေးပြီး ခြောက်သွေ့အောင် ပြုလုပ်ထားပေးပါ။ ဖက်မသုံးရင် ပုလင်း/ အင်တုံ/ စဥ့်အိုး စသဖြင့် အသုံးပြုနိုင်ပါတယ်နော်။
more...
ထမင်းကို ခပ်မာမာချက်ထားပြီး အအေးခံထားပါနော်။ ထမင်းအေးသွားပြီဆိုရင် လက်ကို သန့်အောင် ဆေးပြီးတော့ ထမင်းမာမာနဲ့ ဆာနဲ့ နှံ့အောင် ထမင်းကျေအောင် နယ်ပေးပါ။ ပြီးတော့မှ ထမင်းနဲ့ ပုဇွန်အသားတွေကို နှံ့အောင်နယ်ပေးပါ။ ပြီးရင် ငှက်ပျောဖက်နဲ့ ထုပ်မယ်ဆိုရင်တော့ ငှက်ပျောဖက်ကို နှစ်ထပ်သုံးထပ်လောက် အောက်ခံထားပြီး အပေါ်ကနေ ပုဇွန်နဲ့ထမင်းနယ်ထားတာတွေကို ထည့်ပြီး ကျစ်လျစ်နေအောင် ထုပ်ပေးပါ။ ဖက်မရှိခဲ့ရင်လည်း ခုနက နယ်ထားတဲ့ ပုဇွန်နဲ့ ထမင်းတွေကို ပုလင်း ဒါမှမဟုတ် အင်တုံထဲထည့်ပြီး အပေါ်ကနေ ဆားလေးနည်းနည်းထပ်ဖြူးပြီး ပိတ်စိမ်းပါးလေးအုပ်ပြီးတော့ ပိတ်စကိုကြိုးနဲ့ခိုင်အောင်ချည်နှောင်ပြီး ပုလင်းနဲ့သိပ်ထားတာဆိုရင် အထဲကနေ အချဉ်တွေလည်း စီးကျလာမှာမို့ ပုလင်းအောက်မှာ ကြွေဇလုံတစ်ခုခံထားပြီး ပုလင်းကို ဇောက်ထိုးထားပေးပါ။ အင်တုံနဲ့ တည်ထားတယ်ဆိုရင် အပေါ်က ပိတ်စနဲ့ အုပ်ပြီးရင် အပေါ်ကနေ ငရုတ်ဆုံ ဒါမှမဟုတ် ကျောက်ပြင်ကဲ့သို့ လေးလံမယ့်အတုံးကြီးနဲ့ ဖိထားပေးပါ။ ရာသီဥတုအေးရင်တော့ ပုဇွန်ချဉ်ဖို့ အချိန်ကြာမှာဖြစ်ပါတယ်နော်။ မြန်မာပြည်ရာသီဥတုနဲ့ဆိုရင် ငါးရက်လောက်ဆိုရင်တော့ ချဉ်ပါပြီ။ အရမ်းချဉ်သွားမှာစိုးရင်တော့ ရေခဲသေတ်တာထဲ ထည့်ထားပြီး အချဉ်ဓာတ်ထိန်းထားနိုင်ပါတယ်နော်။ရလာတဲ့ ပုဇွန်ချဉ်ကိုမှ သုပ်စားတဲ့အခါမှာ ပုဇွန်ချဉ်သုပ်ထဲကိုထည့်ဖို့ ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ကို အခွံနွှာ ပါးပါးလှီး ရေစင်အောင်ဆေးထားပါနော်။ ပြီးရင် ဂျူးမြစ်ကိုလည်း ရေစင်အောင်ဆေးပြီး လှီးပေးထားပါ။ ပင်စိမ်း ဒါမှမဟုတ် နံနံပင်နဲ့ ငရုတ်သီးစိမ်းတို့ကိုလည်း ရေဆေးပြီး ပါးပါးလှီးပေးထားပါနော်။ ပြီးရင်တော့ ဇလုံတစ်လုံးထဲကို ပုဇွန်ချဉ်ရယ်၊ လှီးထားတဲ့ ကြက်သွန်ဖြူ၊နီ၊ ပင်စိမ်း၊ ဂျူးမြစ်၊ ငရုတ်သီးစိမ်းစတာတွေကိုထည့်၊ ပြီးတော့ အချိုမှုန့်လေးနည်းနည်းနဲ့ ဆီတို့ကို ထည့်ပြီး ရောနယ်ပါ။ အဲ့ဒါဆိုရင်တော့ ပုဇွန်ချဉ်သုပ်လေး ရပါပြီနော်။

Saturday, March 21, 2009

ကွန်ပြူတာမှ Windows တက်တက်ချင်း ထွက်ပေါ်လာတဲ့ တီးလုံးသံပြောင်းကြရအောင်

အဲလို ပြောင်းဖို့ အတွက် သင်ပြောင်းချင်တဲ့ တီးလုံးဟာ WAV ဖိုင်ဖြစ်ဖို့ အရေးကြီးပါတယ် Wav ဖိုင်ရှိမှသာ ပြောင်းလို့ရဖြင်းဖြစ်ပါတယ် ခင်ဗျာ . .. ။ ကဲ အစမ်းအနေနဲ့ ကျွန်တော် စက်မှာရှိတဲ့ Wav တီးလုံး ဖိုင်လေးကို ဒေါင်းလုပ် လုပ်လို့ရပါတယ်။
Wav သီချင်းကိုဒီမှာ ဒေါင်းလုပ်လုပ် လေးဖြူ
WAV သီးချင်းတွေ ရှိပြီးသားဆိုရင်လည်း မလုပ်ပါနဲ့ ရပါတယ်ခင်ဗျာ။ စပြီနော် အရင်ဆုံး Start ထဲက Control Panel နောက် Sounds and Audio Devices ကိုဝင်လိုက်ပါ။

Box လေးတစ်ခု ကျလာရင် အဲဒီ Box ရဲ့ Menu မှာ Sounds ကိုရွေးချယ်လိုက်ပါဦး အဲဒီမှာ အလည်နား လောက်မှာ Program events မှာ Start windows ကိုဘားလေးနဲ့ ဆင်းပြီးရှာ တွေ့ရင်Select မှတ်ပြီး အောက်ဒေါင့်နားက Browse ကိုရွေးချယ် ၍ WAV သီချင်း ဖိုင်ကို ယူလိုက်ပါ။ ပြီးရင် OK နော် Save မှတ်ထားချင်ရင်လည်း အဲဒီ Box မှာပဲ Save ဆိုတာကို ကိုယ်ကြိုက် တဲ့အမည်ပေး၍ Save as လုပ်ထားနိုင်ပါသေးတယ်။ အဲဒီလိုပဲ ကွန်ပြူတာ ပိတ်ရင် ထွက်ပေါ်လာတဲ့ Exit Windows ကိုလဲ ပြောင်းလို့ရပါသေးတယ်..။

ကျွန်တော်ကတော့ သူများတွေလို ဖုန်းမရှိတော့ ကိုယ့်ကွန်ပြူတာကိုယ်ပဲ ဖုန်း Ringtones သံတွေ လျှောက်ပြောင်း ထားတက်တယ် တစ်ခါတလေ Virus တွေ့ပြီဆိုရင်တောင် ဖုန်းအသံအတိုင်း “ကယ်ကြပါဦး ကယ်ကြပါဦး” လို့တောင် ထည့်ထားလိုက်သေးတယ် ကဲ . . .ကောင်းရောနော် . . .။

Saturday, March 14, 2009

ဓါတ်ပုံ..ပြုပြင်နည်းစာအုပ်လေးပါ...

Adobe Photoshop CS 1,2,3 ဆိုပြီး သုံးနေတဲ့ အချိန်အခါမှာ Photoshop 7.0 စာအုပ်လာပေး နေရသလား ဆိုပြီး စိတ်မဆိုးလိုက်ပါနဲ့။ အခုမှ Photoshop ကို သုံးစွဲချင်သူများအတွက် ရည်ရွယ်ပြီး တင်ပေးလိုက်တာပါ။ ယခု စာအုပ်က မြန်မာလို ရှင်းလင်း ဖော်ပြထားတဲ့ စာအုပ် ဖြစ်ပါတယ်။ ကျွန်တော်တောင် အခုအချိန်ထိ လေ့လာနေရ တုန်းပါပဲ။ ရှင်းလင်းချက်တွေက ကောင်းမွန်လှပြီး ထိမိလှပါတယ်။ ယခုမှ လေ့လာသူများအတွက်အပြင် တတ်ပြီးသား လူများလဲ လေ့လာနိုင်ပါတယ်။ ကိုစိုးပိုင် တစ်ယောက်လဲ ကျေနပ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အမြဲတမ်း လာရောက် အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ စာအုပ်ကို ဒီမှာ Download လုပ်ယူပါ။

ဓါတ်ပုံ..စိတ်တိုင်ကျပြုပြင်နည်းလေ...ပါ



ဓါတ်ပုံဆရာများ၊ ဓါတ်ပုံဝါသနာပါသူများအတွက် အသုံးဝင် အဆင်ပြေစေမည့် ဆော့ဝဲလ်လေး ဖြစ်သောကြောင့် ဖော်ပြပေး လိုက်ပါတယ်။ လုပ်နည်း ကိုင်နည်းများကို မိမိ သေချာ မသုံးရသေးသည့်အတွက် သေချာရှင်းပြရန် ခက်လှပါတယ်။ မအားလပ် ခြင်းကြောင့် ဖြစ်ပါတယ်။ နားလည် ခွင့်လွှတ် ပေးကြပါ။ သို့ကြောင့် အသုံးပြုသူများ လက်တွေ့ အသုံးပြုရင်း ရှာဖွေကြ စေလိုပါတယ်။ ဒီတွင် Download လုပ်ယူပါ။

မြန်ဖဲ..ကစားနိုင်ပြီး...

ဖဲကို ၀ါသနာ ခုံမင်သူများအတွက်ပါ။ အားရင် ကွန်ပျူတာမှာ ပါတဲ့ ဖဲချပ်ပဲ ကစားနေတဲ့ သူများအတွက် မြန်မာလို ဖဲကစားနိုင်ပါပြီး။ ဖဲကစားနည်းကိုလဲ ထည့်သွင်းဖော်ပြပေးထားပါတယ်။ အင်စတော လုပ်စရာ မလိုပါ။ ဒီဖိုင်ထဲမှာ ပါဝင်တဲ့ မြန်မာ ဖောင့်လေးသာ Control Panel ထဲက Font ထဲ ထည့်ပေးရုံပါ။ စိတ်ဝင်စားရင် ဒီမှာ Download လုပ်ယူနိုင်ပါတယ်။

ကွန်ပျူတာမြန်စေမယ့်နည်းလမ်းကောင်းလေ....

ကွန်ပျူတာ ပိုမိုမြန်ဆန်စေသော နည်းလမ်းများ ကွန်ပျူတာနဲ့ ပတ်သက်ပြီး ကိုယ်တိုင်တွေ့ကြုံရရှိလာသော အတွေးအကြုံလေးကို ပြောပြချင်ပါတယ်။ လူတိုင်း မိမိသုံးနေသော ကွန်ပျူတာ နှေးကွေးလေးလံနေပါက အသုံးပြုချင်မှာ မဟုတ်သလို စိတ်အနှောင့်အယှက်လဲ ဖြစ်ကြမှာပါ။ ကျွန်တော် အခု ဖော်ပြမယ့် နည်းလမ်းများက မေးမြန်းလေ့လာထားတဲ့ နည်းလမ်းများ ဖြစ်ပါတယ်။ လိုအပ်ချက်တော့ ရှိမှာပါ။ ယခုလဲ ကျွန်တော်ကိုယ်တိုင် လက်တွေ့အသုံးပြုပြီး ကောင်းမွန်တဲ့အတွက် စာဖတ်သူများကို ပြန်လည် Share လုပ်ခြင်း ဖြစ်ပါသည်။ သိတဲ့ လူတွေရှိသလို မသိတဲ့ လူတွေလဲ ရှိမှာပါ။ မသိတဲ့ လူများအတွက် ရည်ရွယ်ပြီး ပြောပြတာပါ။ အောက်ပါအတိုင်း ပြုလုပ်သွားပါ။ အရင်ဦးဆုံး မိမိရဲ့ စက်ကို အမြင် ပြောင်းလဲရပါမယ်။ အောက်ပါအဆင့်အတိုင်း ပြုလုပ်ပါ။ ၁) Desktop ပေါ်က My Computer ကို Right Click လုပ်ပါ။ Properties ကို ရွေးပါ။ ၂) System Properties Box ကျလာလျှင် Advanced Tab ကို ရွေးပါ။ ၃) Performance အောက်က Settings ကို ရွေးပါ။ ၄) Visual Effects tab မှ Adjust for best performance ကို ရွေးချယ်ပါ။ ၅) Apply လုပ်။ အနည်းငယ်စောင့်။ ပုံပြောင်းသွားလိမ့်မယ်။ ပြီးရင် Ok ပေါ့။ ကွန်ပျူတာစဖွင့်ရာမှ မြန်ဖို့အတွက် မလိုအပ်တဲ့ ဆော့ဝဲတွေကို လျော့ချ ရပါ လိမ့်မယ်။ ဖျက်ပစ်တာ မဟုတ်ပါဘူး။ ၀င်းဒိုးစ် စတက်တဲ့အခါ ဆော့ဝဲလ်မျိုးစုံကို စစ်နေရတဲ့ အတွက် ကြာလှပါတယ်။ ဒါကြောင့် မလိုအပ်တဲ့ ဆော့ဝဲလ်တွေ ပိတ်သင့်တာကို ပိတ်ရပါလိမ့်မယ်။ ကွန်ပျူတာမှာ အသုံးနည်းတဲ့ လုပ်ငန်းစဉ်ဖိုင်တွေကို ပိတ်ရပါ လိမ့်မယ်။ ဘာတွေလဲဆိုတော့ ၁) gttask ၂) Quick Time ကဲ့သို့ Multimedia နှင့် ဆိုင်သည့် Player ဆော့ဝဲလ်များ၃) Adobe Reader, Adobe Gamma စတာတွေ ဖြစ်ပါတယ်။ တခြား မိမိ အင်စတော သာ လုပ်ထားတယ်။ အသုံးနည်းတယ်ဆိုရင် ပိတ်ထားနိုင်ပါတယ်။ အထက်ပါ ဖိုင်များကို ပိတ်ဖို့အတွက် ၁) Start မှ Run ကို ရွေးပါ။ ၂) Run ထဲတွင် msconfig ကို ရိုက်ထည့်ပါ။ ၃) System Configuration Utility Box ပေါ်လာပါက Startup ကိုရွေးပါ။ Startup တွင် အထက်မှ ပြထားသော ဖိုင်များကို အမှန်ခြစ်ကလေးများ ဖြုတ်၍ ပိတ်နိုင်ပါတယ်။ လုပ်ငန်းစဉ်များ ပြီးစီးပါက Apply , Ok , restart လုပ်ပါ။ restart လုပ်ရာတွင် စက်ပြန်တက်လာသည့်အခါမှာ message box တစ်ခုပေါ်လာပါလိမ့်မည်။ Windows start ပြောင်းလဲခြင်း ဆောင်ရွက်ပြီးကြောင်း၊ ဒီပြောင်းလဲမှုဟာ အမြဲလား နောက်ပြောင်းအုံးမှာလားဆိုတဲ့ မေးခွန်း message ပါ။ Don’t Show this ……………. စာသားကို အမှန်ခြစ်ပေးပြီး Ok လုပ်ပါ။ အခုဖော်ပြတဲ့ ဖိုင်တွေက ကွန်ပျူတာထဲက ဖျက်ပစ်တာ မဟုတ်ပါဘူး။ ၀င်းဒိုးစ် စတက်တဲ့အချိန်မှာ မစစ်အောင်ပဲ ပိတ်ထားတာပါ။ မိမိလိုအပ်တဲ့အချိန် Start မှနေ၍ ပြန်လည် အသုံးပြု၍ ရပါတယ်။ ဥပမာ - Quick Time ကို အသုံးပြုချင်ပါက Start မှ All programs မှ Quick Time ကို Click နှိပ်၍ ပြန်လည်အသုံးပြု၍ ရပါတယ်။ အကယ်၍ မိမိသည် အဆိုပါ ဖိုင်တို့ကို ပိတ်ထားရန် မသေချာပါက ပိတ်မည့် ဖိုင်တို့ကို စာရွက်တစ်ရွက်တွင် ရေးမှတ်ထားပြီးမှ ပြုလုပ်လျှင် ပို၍ ကောင်းပါတယ်။ မိမိပိတ်မည့် ဖိုင်တို့၏ အရေးကြီးပုံ၊ အရေးမကြီးပုံ၊ အသုံးဝင်ပုံတို့ကို ဖတ်ချင်လျှင် အင်တာနက်မှ www.process-library.com ၏ Search Box တွင် သွားရောက် ကြည့်ရှုနိုင်ပါတယ်။ နောက်တစ်ခုက မလိုအပ်တဲ့ လုပ်ငန်းများကို ပိတ်ထားရမှာ ဖြစ်ပါတယ်။၁) Start မှ Control Panel မှ Administrative Tools မှ Services ကို ဖွင့်ပါ။ ၂) Run ထဲမှ ဖွင့်ချင်ပါက services.msc ကို ရိုက်ထည့်၍ ဖွင့်နိုင်ပါတယ်။ ၃) Services box ကို ရောက်ရင် အောက်ပါ လုပ်ငန်းများကို ပိတ်ထားနိုင်ပါတယ်။ ၁) Alerter ကို ပိတ်ရန်အတွက် Alerter ကို Select မှတ်ပြီး Right Click နှိပ်ပါ။ Properties ကို ရွေးပါ။ startup type အကွက်တွင် Disable ကို ရွေးပါ။ ပြီးလျှင် Apply , Ok ။၂) အထက်ပါအတိုင်း Indexing Service , Ms Software Shadow Copy Provider , IMAPI CD-Burning တို့ကို ပိတ်ပါ။ နောက်တစ်ခုက လူတိုင်း မထင်မှတ်ထားတဲ့ အရာလေးပါ။ Fonts များကို လျော့ချရမှာ ဖြစ်ပါတယ်။ ဟုတ်ပါတယ်။ မလိုအပ်တဲ့ font တွေကို လျော့ချရမှာ ဖြစ်ပါတယ်။ တကယ်တမ်း ကိုယ်သုံးနေရတာက ၁၀ ခုတောင် မကျော်ပါဘူး။ ဒါပေမယ့် Font တွေက အလွန်များနေပါတယ်။ အဲဒီတော့ မိမိသုံးတဲ့ Font ကိုပဲ ထားပြီး မလိုဘူးထင်တာတွေ ဖျက်ပစ်ပါ။ တစ်ခုလောက်တော့ သတိပေးချင်ပါတယ်။ ဖောင့်တွေဖျက်တဲ့နေရာမှာ Character Map မှာ ကိုယ်သုံးနေတဲ့ font တွေကိုတော့ မဖျက်ပစ်မိဖို့ ဖြစ်ပါတယ်။ ဥပမာ- Webdings နောက်တစ်ခုကတော့ Index လုပ်ငန်းစဉ်များကို ပိတ်ရမှာ ဖြစ်ပါတယ်။၁) My Computer ကို ဖွင့်ပါ။ Local Disk (C:)ကို Right Click လုပ်၍ Properties ကို ရွေးပါ။ ၂) Properties Box ကျလာပါက အောက်ဆုံးတွင်ရှိသော Allow Indexing Service to index this disk for fast file searching ၏ အမှန်ခြစ်ကို ဖြုတ်ပါ။ ၃) Local Disk (D:) ကိုလည်း ထိုနည်းအတိုင်းပြုလုပ်ပါ။ နောက်တစ်ခုကတော့ လူတိုင်း သိပြီးသားပါ။ Disk Defragmenter လုပ်တာပါ။ ဒီနည်းလမ်းကို နေ့စဉ် စက်ပိတ်ခါနီးတိုင်း ပြုလုပ်ပါက အသင့်တော်ဆုံးဖြစ်ပါတယ်။ ၁) Start မှ Programs မှ Accessories ကို သွားပါ။ ၎င်းတွင် Disk Defragmenter ကို ရွေးပါ။ ၂) Local Disk (C:) ကို Select မှတ်ပြီး လုပ်ပါ။ Local Disk (D:) ကိုလဲ ထိုနည်းအတိုင်း ပြုလုပ်ပါ။ ကဲ ဒီလောက်ဆိုရင် စက်လဲ သွက်လောက်ရောပေါ့။ နောက်ကြုံမှပဲ ဒီထက်ကောင်းတဲ့ နည်းလမ်းများကို ရှာဖွေ ဖော်ပြပေးပါမယ်။ အားလုံး အသုံးဝင်၍ ပျော်ရွှင်ကြပါစေ။

ကိုကိုစိတ်ကူးယဉ်...

Sunday, March 8, 2009

မြန်မာရုပ်ရှင်များ....ကြည်ကြမယ်.


ဒီတစ်ခါအင်တာ နက်ပရိသတ်ကြီးနဲ့ မိတ်ဆက်ပေးချင် တဲ့ မြန်မာဝက်ဘ်ဆိုက်ကတော့ ဖျော်ဖြေရေးဆိုင်ရာ ၀က်ဘ်ဆိုက် တစ်ခုဖြစ်တဲ့ ““ရွှေအိပ်မက်”” ဆိုတဲ့ ၀က်ဘ်ဆိုက်ပဲဖြစ်ပါတယ်။ http://www.shwedream.com/ လို့ ခေါ်တဲ့ ဒီဝက်ဘ်ဆိုက်ဟာဆိုရင် မြန်မာရုပ်ရှင်တွေ၊ ဗီဒီယိုတွေနဲ့ သီချင်းတွေကိုပဲ သီးသန့်တင်ထား တဲ့ ၀က်ဘ်ဆိုက်တစ်ခုပဲဖြစ်ရပြီး ၀က်ဘ်ဆိုက်မှာရှိတဲ့ ရုပ်ရှင်တွေ၊ ဗီဒီယိုတွေ၊ သီချင်းတွေကိုအလွယ် တကူပဲ ရှာဖွေရယူအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ဒီဝက်ဘ်ဆိုက်ထဲက ရုပ်ရှင်၊ ဗီဒီယိုတွေကို အွန်လိုင်း ပေါ်မှာ တိုက်ရိုက်ကြည့်ရှုနိုင်ပြီး သီချင်းတွေက အွန်လိုင်းမှာ နား ဆင်နိုင်တဲ့အပြင် Download် ပါ ရယူနိုင်မှာဖြစ်ပါတယ်။ ဒီဝက်ဘ်ဆိုက်မှာရှိတဲ့ ရုပ်ရှင် တွေ၊ သီချင်းဗီဒီယိုတွေနဲ့ သီချင်း (Audio) တွေကို ပြည့်ပြည့်၀၀ ခံစားချင်တယ်ဆိုရင်တော့ ၀က်ဘ် ဆိုက်မှာ Register လုပ်ပြီးအသုံး ပြုရမှာဖြစ်ပါတယ်။ ၀က်ဘ်ဆိုက်ရဲ့ အဖွဲ့ဝင်ဖြစ်သွားပြီဆိုရင်တောီ့ownloadီ တွေကို ရယူနိုင်တဲ့ အပြင် အဖွဲ့ဝင်အချင်းချင်းတွေ့ဆုံ တာ စတဲ့အခွင့်အရေးတွေကို ရရှိ မှာဖြစ်ပါတယ်။ ဒီဝက်ဘ်ဆိုက်မှာ ရုပ်ရှင်ပေါင်း ၁၇၀ ကျော်၊ Video Albums ပေါင်း ၁၂၀ ကျော်နဲ့ Audio Albums ပေါင်း ၈၀ ကျော်ရှိတဲ့အတွက် ဖျော်ခြေရေး အတွက် ကျေနပ်နိုင်စရာဖြစ်မှာ ဖြစ်ပါတယ်။http://www.shwedream.com/

ခလေးများအတွက်.....


PBSkids.org ကလေးငယ်တွေအတွက် အတော့်ကို သင့်တော်တဲ့ ဆိုက်ပါ။ ဒီဆိုက်ထဲမှာ ဂိမ်းတွေ၊ ပုံပြင်တွေ၊ သီချင်းတွေနဲ့ ကလေးငယ်တွေအတွက် အခြားသောအရာတွေ ထည့်ပေးထားပါတယ်။ ကလေးငယ်တွေအတွက် သင့်လျော်တဲ့ဂိမ်းတွေကို link လုပ်ပေးထားတာကလည်း စိတ်ဝင်စားစရာ ဖြစ်ပါတယ်။http://pbskids.org/

ကျန်းမားရေး...အတွက်

ဒီတစ်ခါ် အင်တာနက်ရဲ့ မြန်မာ ၀က်ဘ်ဆိုက် အညွှန်းကဏ္ဍမှာ အင်တာနက် ပရိသတ်ကြီးနဲ့ မိတ်ဆက်ပေးချင်တဲ့ မြန်မာ ၀က်ဘ်ဆိုက်ကတော့ ကျန်းမာရေးဆိုင်ရာ အသိပညာ ဗဟုသုတတွေကို ဖြန့်ဝေပေးထားတဲ့ ၀က်ဘ်ဆိုက်တစ်ခုပဲ ဖြစ်ပါတယ်။ www.myanmarmedicine.com ဆိုတဲ့ ဒီဝက်ဘ်ဆိုက်မှာ ကျန်းမာရေးဆိုင်ရာ ဗဟုသုတတွေအနေနဲ့ သတင်းတွေ၊ ဆောင်းပါးတွေ၊ ဆေးပညာရပ်တွေနဲ့ ဆေးဝါးနဲ့ ပတ်သက်တဲ့ အသိပညာတွေကို ဖော်ပြပေးထားပါတယ်။ ဒီဝက်ဘ်ဆိုက်မှာ အဓိကပါရှိတဲ့ ကဏ္ဍတွေ အနေနဲ့ ဆေးပညာနဲ့ ဆေးဝါး အကြောင်းအရာတွေ ဖော်ပြပေးထားတဲ့ ကဏ္ဍတွေအပြင် အွန်လိုင်း ကျန်းမာရေး ဗဟုသုတကဏ္ဍ၊ ဆေးရုံနဲ့ ဆေးပေးအခန်းတွေရဲ့ကဏ္ဍ၊ အလှအပနဲ့ ကျန်းမာရေး ကဏ္ဍတွေနဲ့ ဆေးပညာ မဂ္ဂဇင်း ဂျာနယ်ကဏ္ဍ စတာတွေပါရှိတဲ့အတွက် ကျန်းမာရေးနဲ့ပတ်သက်ပြီး သိဖွယ်မှတ်ဖွယ် ဗဟုသုတတွေကို လေ့လာနိုင်မှာ ဖြစ်ပါတယ်။ ဒီဝက်ဘ်ဆိုက်မှာပါရှိတဲ့ ကျန်းမာရေးဆိုင်ရာ သတင်းတွေ အနေနဲ့ ပြည်တွင်း ကျန်းမာရေး လှုပ်ရှားမှု သတင်းတွေ၊ ဆွေးနွေးပွဲတွေအပြင် နိုင်ငံတကာမှ ကျန်းမာရေးဆိုင်ရာ သတင်းအချက် အလက်တွေကို စုစည်းဖော်ပြ ပေးထားပါတယ်။ ကျန်းမာရေးဆိုင်ရာသတင်း ဗဟုသုတတွေအနေနဲ့ ကလေးကျန်းမာရေးမှအစ သွား ဘက်ဆိုင်ရာ၊ မျက်စိ၊ နား၊ အဆုတ် စသည်ဖြင့် ရောဂါအကြောင်းနဲ့ ကျန်းမာရေး ဗဟုသုတတွေ လေ့ လာဖတ်ရှုနိုင်မှာ ဖြစ်တဲ့အတွက် ၀င်ရောက် လေ့လာကြည့်ရှုသင့်တဲ့ ၀က်ဘ်ဆိုက်တစ်ခုပဲ ဖြစ်ပါတယ်။www.myanmarmedicine.com

ဗိုင်းရပ်(စ်)....သတ်ကြမယ်ဟေ့...

http://http://www.download.com/AVG-Anti-Virus-Free-Edition/3000-2239_4-10320142.html

Saturday, March 7, 2009

videos

ဗလကြီးပါ...


မိန်းခလေးတွေအတွက်...အားကိုးချင်စရာကောင်းပါတယ်....

ယောကျာင်္းလေးတွေကိုတော့ဆွဲထိုးတတ်ပါတယ်....

ကိုစိုးပိုင်လို့ ခေါ်ပါတယ်..


လူပျိုလေးပါ...စိတ်ဝင်စားရင်...ဆက်သွယ်ပါ....


အပုံလှလှလေးတွေတင်မယ်
















မင်္ဂလာပါ....ခင်ဗျာ...


အသစ်လေးပါ....ညကမှဘလောက်လောကထဲကိုရောက်လာတာပါ..

ဖြစ်ချင်နေတာ..လုပ်ချင်နေတာကြာပါပြီ...မလုပ်တတ်တာတွေရယ်...

အချိန်မရတာတွေရယ်...နားမလည်းတာတွေရယ်....ဆရာကောင်း

သမားကောင်းမတွေ့ သေးတာတွေရယ်ကြောင့်မလုပ်ဖြစ်သေးတာပါ..

အခုလိုအခွင့်ရေးလေရတုန်း...လုပ်ကြလိုက်တာ....ရင်ဘတ်ထဲမှာရှိတာ

တွေကို..တကမ္ဘာလုံးကို...တင်ပြမယ်...ရှိတာအကုန်တင်မယ်...တော်ကီ

တွေ..ဂေါ်လီတွေ...အကုန်တင်မယ်...ဘော်ဘော်တွေအားလုံး...ok